ငါ ကောင်းမလေးကို ကြိုက်လို့
ချစ်တယ်လို့ပြောတာ မဟုတ်ရဘူးနော်။
ငါ ပန်းချီကားထဲက ရုပ်ပုံကိုတပ်မက်လို့
ဒီပန်းချီကားကို အပြေးအလွှာဝယ်လိုက်တာ မဟုတ်ရပါဘူးနော်။
ငါ အရက်ကို ခုံမင်လို့
မူးပြဲ မနိုင်မနှေးသောက်တာ မဟုတ်ရပါနော်။
ငါ ထာဝရအသက်တာကို ပိုင်ဆိုင်ခွင့်ရချင်လို့
သားတော်ကို အခြေအနေပေါ်မှီ၍
ယုံကြည်လိုက်ရတာ မဟုတ်ရပါဘူးနော်။
ငါ နိုင်ငံထွက်ချင်လို့
အမိမြေနှင့်ကမ္ဘာ့အကောင်းဆုံးသရုပ်ဆောင်မေမေ့ကိုခွဲပြီး
ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းမှာ လာရောက်ခိုးကပ်စားသောက်တာ
မဟုတ်ရပါဘူးနော်။
ငါ ဆယ်တန်းအောင်ချင်လို့
မရှိမဲ့ရှိမဲ့စုဆောင်းထားတဲ့မေ့မေကိုမသနားဘဲနဲ့
ကျောင်းလာတက်တာ မဟုတ်ရပါဘူးနော်။
ငါ တစ်ခါတစ်လေ စဉ်းစားမိတယ်
ငါလည်း ထမင်းကို ဆာလို့စားလိုက်ရတာလား
စဉ်းစားရင်.........စဉ်းစားရင်နဲ့ပေါ့လေ....
..............................................။ ။
No comments:
Post a Comment