Thursday, February 20, 2014

အိမ်မက်မက်ခဲ့သည်။ သို့သော်……….



ကွန်ပျူတာရှေ့ ထိုင်ကာ
မျက်စိဖွင့်လိုက်တော့
နံနက် ၁၂ နာရီ ၀၄ မိနစ်
၂၅ ၊ ၀၁ ၊ ၂၀၁၄  ရက်
ကော်ဖီခါးခါးသောက်တဲ့ စနေနေ့
ရင်တဒိတ်ဒိတ်နဲ့နံနက်ခင်းလေးပေါ့။
မဖြစ်နိုင်ခြင်းများနှင့်ငေးမောကာ
ဒီရင်ဘတ်ထဲက အတွေးများအား
ဥယျာဉ်ထဲကပန်းနှင့်အတူ
၆၂ ရက်သာ သက်တမ်းရှိ
အတောင်မစုံတဲ့ဝိညာဉ်လိပ်ပြာသည်
ကျနော်အိမ်မက်မက်ခဲ့သည်။
သို့သော်
ကျနော်သည် ပန်းနှင့်အတူ
ဝိညာဉ်လိပ်ပြာအဖြစ်
မသိခြင်းများနှင့်ခရီးဆက်ရမည်။
ရေးသားထုဆစ်သူ = စောမင်းဆန်းဦး
အချိန်း 12 နာရီ 27 မိနစ်

No comments:

Post a Comment

Contact Information

foxyform

Blog Archive