Thursday, February 20, 2014

အရိပ်




အိမ်မက်ထဲမှာ
အရက်ကိုငဲ့
ကွမ်းယာကိုဝါး
ဆေးလိပ်တိုခဲ
သစ္စာရှိရှိ
ဇိမ်းခံအဖြစ်
အရက်သမား
ဒုက္ခိတအား
အိမ်မက်ကနိုး
ဟိုမှာနိုးနိုး
ဒီမှာနိုးနိုး
ဘယ်သူ့မနိုး
ရင်မှာပူဆွေး
သောကနဲ့နွေး
မထူးဘူးတွေး
မျက်လုံးဖွင့်ကြည့်
တော်တော်ပျော်မိ
အိမ်မက်ထဲက
အယ်သဆဲခေါ်
လူ့ကလေးက
ကျနော်မဟုတ် ။ ။
မှတ်ချက် ။ ။ အိမ်မက်က ခြောက်ခြား ၊ အတွေးကများပြား ဘာမှမထူးခြား ဆိုပြီး ကွန်ပျူတာအချိန်ကို ပျက်ကွက်ခွင့်ရရန် အယ်သဆဲကို ခွင့်ပန်းထားသည်။
ရေးသားခံစားသူ = စောမင်းဆန်းဦး
၁၉၊၀၁၊၂၀၁၄
ညနေ(၃း၃၉ နာရီ)

No comments:

Post a Comment

Contact Information

foxyform

Blog Archive