Thursday, February 20, 2014

နောက်ဆုံးကျဉ်းဆံ



ပြီးခဲ့တာကန့်လန်ကာချလိုက်ပါ
အရာအားလုံးသည် မေ့လို့မရနိုင်ပါ
ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ကဖြစ်သမျှသည်
အကောင်းနှင့်အဆိုးလို့သတ်မှတ်ပြီး
အတွေ့အကြုံကောင်းလို့ တတ်နိုင်သလောက်
ယူဆလက်ခံပေးပါ။
တစ်ဖက်သာဆန်ဆန်
ပွင့်လင်းစွာဖြင့်ပြောမယ်ဆိုရင်
မင်းလည်း မမှားဘူး
ငါလည်း မမှန်ဘူး
မဖြစ်နိုင်မှာ သိရက်သား
ငိုနေရတော့ အပိုအလုပ်တွေပေါ့ ။
ဘယ်အကြောင်းကြောင့်
သုံးမိနစ်အနားတောင်းထားသည်။
ပြိုင်ဖက်ကိုမယှဉ်ရဲလို့ မဟုတ်
မင်းပဲပြောတယ်လေ ငါ ရူံးသွားပြီး။
နို့ပေမဲ့
ငါ့ ပြုမှု ၊ နေထိုင် ၊သွားလာ
စားသောက်မှုမှန်သမျှသည်
မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ
အဖြူရောင်စာရွက်ပေါ်မှာ
ရေးသားထားသည်"ငါ့ ဘယ်သောခါမှ နင်ကို မမုန်းပါ" ။
ရေးသားသူ = စောမင်းဆန်းဦး 05.01.2014 ( 9 :20 ) PM

No comments:

Post a Comment

Contact Information

foxyform

Blog Archive