Thursday, February 20, 2014

အဆင်းလှလိုသောပန်း



မစိုက်မပျိုး
မယုယပါ
ဘာသာတွယ်ဖက်
အမြစ်တွယ်သော
ကျောက်ကြားမှာရှင်
ပန်းတစ်ပင်။
မုန်တိုင်းဝင်ကာ
ဆန့်ကျင်တိုက်ဖျက်
ဒုက္ခကျောက်ဆောင်
ကယ်၍တွယ်ဖက်
ယခုဒုက္ခ
နောင်သုခ
နေလေဒဏ်ခံ
လျှင်စွာချက်ပြုတ်
အစာချက်လုပ်
ရုပ်ရည်နုပျို
ဖူးပွင့်ခါစ
အဆင်းလှ
ခြင်းခြင်းတိုးထွက်
ဧရာကျယ်ပြန့်
မြင်သူရဖို့
ခုံမင်တပ်မက်။
ရေးသားခံစားသူ = စောမင်းဆန်းဦး
09/05/2006

No comments:

Post a Comment

Contact Information

foxyform

Blog Archive