Wednesday, November 7, 2012

အမိုက်စားနှင့်တွေးခေါ်မှုများ အပိုင်း - ၁







အရာအားလုံးအတွက်
မရှိခြင်းများထဲမှာ မရှိခြင်းကို
ကုန်ကောက်၍ စုဆောင်းပြီ
အရက်ဆိုင်သို့ ရဲရဲချီတက်နေသော
ခြေလှမ်းများဖြင့် ကျနော် အမိုက်စား တစ်ယောက်
တစ်ခါတစ်ရံ
သို့မဟုတ်
အချိန်တိုင်း
သန်းကြွယ်သူဌေးကဲ့သို့
ပြီးပြည့်စုံသူကဲ့သို့
ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲနေသူကဲ့သို့
ခုနှစ်ထောင် သုံးလီ နှစ်သောင်းတစ်ထောင်အဖြစ်
နေထိုင်ခဲ့ဖူးတာလည်း ကျနော် အမိုက်စားပါပဲ။
ပြောမိပါသေး
ကမ္ဘာကြီးမှာ
မသိခြင်း၊ သိခြင်းများဖြင့်
ပြည့်နှက်လှည့်ဖြားနေသော်ငြား
ကျေနပ်နေသူအဖြစ် နေထိုင်သူလည်း
ကျနော် အမိုက်စားပါပဲ

No comments:

Post a Comment

Contact Information

foxyform