အမိုးရေ…
သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနား
ဥယျာဉ်မှူးကောင်း
နှလုံးသားနေခဲ့လေရာ
ဘယ်သောအခါမှ
ခြားနားခြင်းဖြင့်ခွဲ၍မထား။
အမိုးရေ…
ရောင်စုံငှက်များ
အမိုးရဲ့သစ်ပင်ပေါ်မှာ
စက္ကန့်မလပ်
အလိုကျ ပျံသန်းခြင်းလည်း
ဘယ်သောအခါမှ ငြူဆူခြင်းလည်း မရှိခဲ့။
အမိုးရေ…
Unity in
Diversity…ဟာ … အမိုးရဲ့ဘ၀လား
Unity in
Diversityနဲ့ငါးဆယ်သုံးနှစ်ခရီးကြမ်းမှာ
အပြုံးမပျက်
၊ အမုန်းမဖက်
နှလုံးလက်လို့
အသက်ရာကျော် ရှည်စေသောဝ်...။
ဂုဏ်ပြုရေးသားသူ
စောနေမင်း
No comments:
Post a Comment