| During working as an impact group leader at IRC |
တိမ်လွှာစုံစွာဖြင့် တည်ရှိနေသော တိမ်တိုက်ဆိုသည့်မြို့ကလေးတစ်မြို့မှာ တိမ်တိုက်သူ/သားများအား တာဝန်ခွဲဝေပေးရန်အတွက် ရွာသူကြီးက အစည်းအဝေးတစ်ရပ် ထပ်မံခေါ်ဆိုရန် အချိန်ရထားကြီးက တိမ်တိုက်မြို့ဘူတာရုံသို့ ရောက်ရှိလို့လာလေသည်။
ရပ်ရွာအကြီးအကဲများက ခေါင်းဆောင်အသစ်များ ထပ်မံရွေးချယ်ရန် အစည်းအဝေး ခေါ်ဆိုရခြင်းဖြစ်သည်ဟု ရပ်ရွာအကြီးအကဲများက ရွာသူ/သားများကို အတိအလင်း ရှင်းလင်းတင်ပြ ပြောကြားသွားလေသည်။
တဖန် မောင်ဘယ်သူက ဥက္ကဌရာထူး ၊ မဘယ်သူက အတွင်းရေးမှူးရာထူး သည့်ဖြင့် တာဝန်အသီးသီးကို ရွာသူ/သားအကျိုးအတွက် စွမ်းစွမ်းတမံ တာဝန်ယူ ထမ်းဆောင်မည့်သူများကို ရွေးချယ်ပြီး ၊ တာဝန်ခွဲဝေလွှဲပြောင်းပေးအပ်လိုက်လေသည်ဟု ရပ်ရွာအကြီးအကဲများက ကျယ်လောင်သော အသံများဖြင့် အများတကာ ရှေ့တွင် ပြောကြားလေသည်။
ရပ်ရွာအကြီးအကဲများ စကားအဆုံးတွင် ရွာသူ/သားများထဲက တစ်ဦးအား အိပ်ရာကနေ နိုးပြီး ၊ ဤသို့ မေးလေတော့သည်။ “ အခု ပေးအပ်လိုက်သည့်တာဝန်နှင့်အခန်းကဏ္ဍာအသီးသီးကို တကယ်ပေးမှာလား”လို့ ရပ်ရွာအကြီးအကဲများအား ၀ိုးတ၀ါးသောအကြည့်များဖြင့် မေးမြန်းလေသည်။
မေးမြန်းထားသော မေးခွန်းများနှင့်တင်ပြချက်များကို နောင်လာမည့်အစည်းအဝေးမှ ပြန်လည်ဖြေကြားသွား
မည်ဟု ရပ်ရွာအကြီးအကဲများက ပြောသည်။
No comments:
Post a Comment