Sunday, March 25, 2012

Deadline Checklist ( သတင်းအပြီးမသတ်ခင် စစ်ဆေးရန် အချက်များ)

             
v  Accuracy ( တိကျသေချမှု)
v  သင်၏ သတင်းနှင့်ပတ်သက်သော အချက်အလက်များ အခေါ်အဝေါ်များ ၊ အမည်နာမများကို နောက်ထပ် သေချာစွာ စစ်ဆေးပြီးပါပြီလား။
v  နေ့စွဲများ ၊ အချိန်များ၊ နေရာဒေသနှင့် အဖြစ်အပျက်များ မှန်ကန်ပါပြီလား။
v  မိမိသတင်းထဲတွင် ပါဝင်သော အီးလ်မေးလိပ်စာ ၊ ၀က်ဆိုက် လိပ်စာများ စသည့်တို့သည် သင်သတင်းထုတ်ပြန်ချိန်အထိ ဆက်သွယ်ခေါ်ယူနိုင်ခြင်းရှိမရှိ စစ်ဆေးပြီးပါပြီလား။
v  မိမိမေးမြန်းထားသူများ ရာထူးတာဝန်များ အဖွဲ့အစည်းများ မှန်မမှန် စစ်ဆေးပြီးပါပြီလား။
v  အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အမည်များပါဝင်လျှင် စာလုံးပေါင်းများ မှန်မမှန် စစ်ဆေးပြီးပါပြီလား။
v  မိမိထည့်သွင်းဖော်ပြမည့် အချက်အလက်များသည် သတင်းနှင့်အမှန်ဆီလျော်ခြင်းရှိမရှိ ၊ ရာခိုင်နှုန်း ၊ ကိန်းဂဏန်းဖော်ပြမှုများကို ပြန်လည်စစ်ဆေးပြီးပါပြီလား။
v  သင်ထည့်သွင်းထားသော ထုတ်ဖော်ပြောဆိုချက်များ  တကယ်မှန်မမှန် ပြန်လည်စစ်ဆေးပြီးပါပြီလား။
v  သင်ထည့်သွင်းထားသော လူပုဂ္ဂိုလ် အမည်နာမည်များသည် လက်ရှိ တကယ်ရှိနေသူများ ဖြစ်ပါသလား။
v  သင့်သတင်းထဲတွင် ပါဝင်သော ပညာရပ်ဆိုင်ရာ နားလည်ရန်ခက်ခဲသော အချက်များအတွက် ပညာရှင်များနှင့် မေးမြန်းထားချက်များ ထည့်သွင်းပြီးပါပြီလား။
v  သင့်သတင်းတွင် ထည့်သွင်းအသုံးပြုမည့် ဓါတ်ပုံ ၊ အထောက်အထားများစသည်များသည် သတင်းနှင့် ဆီလျော်မှုရှိပြီးပါပြီလား။ သင်အလေးပေး ဖော်ပြထားသည့် ပြောဆိုချက်များသည် အမှန်တကယ် ဖြစ်ပွါးနေသည်ကို ဖော်ပြနိုင်ခြင်း၊ ရှင်းလင်းနားလည်နိုင်ခြင်းရှိပြီလား။
v  Fairness and Balance ( မျှတမှုနှင့်ညီညွှတ်မှု)
v  မိမိဖော်ပြသော သတင်းသည် ဘက်ပေါင်းစုံမှ အမြင်များကို ထင်ဟပ်စေနိုင်ပါသလား။
v  သင် သတင်းဖော်ပြချက်တွင် အခြားဆန့်ကျင်သော အမြင်များရှိပါက ထည့်သွင်းပြီးပါပြီလား။
v  သင် သတင်းနှင့်ပတ်သက်သော ရှင်းလင်းချက်များကို စာဖတ်သူ(သို့) သတင်းနားထောင်သူ အနေဖြင့် ကောင်းမွန်စွာ နားလည်နိုင်ပြီဟု ယူဆပါသလား။
v  ယေဘုယျဆန်သော အရေးအသားမျိုးကို ရှောင်ရှား ရေးသားထားပါသလား။
v  သင်၏ အရေးအသားမျိုးကို သင့်ကို ကိုယ်စားပြုစာလုံးများဖြစ်သော ကျနော် /ကျမ ၊ ကျနော်တို့/ကျမတို့စသည့် အသုံးများကို ဖယ်ရှားပြီးပါပြီလား။
v   Important active every reporter should memorize ( သတင်းထောက်တိုင်း မှတ်သားသိရှိသင့်သော အရေးပါသည့် အကြံပေးချက်များ
v  Writing Lead  ( ဦးဆောင်ပိုင်)
v  စာကြောင်းရေ သုံးကြောင်းထက် မပိုသော တိကျသည့် ဖြစ်စဉ်ကို ခြုံငုံဖော်ပြသော စာပိုဒ်ဖြစ်ရပါမည်။
v  ဦးဆောင်စာပိုဒ်ကို ဘယ်အချိန် ( when ) ဘယ်နေရာ ( where) စသော အချက်များဖြင့် မစသင့်ဘဲ ၊ ဘယ်သူ (who) ဘာဖြစ်သည် (what) တို့ဖြင့် စသင့်သည်။
v  မေးခွန်းဖြင့် ဦးဆောင်ပိုဒ်ကို စတင်ဖွင့်ခြင်းမျိုး ၊ ပြောင်မြောက်သောပြောဆိုချက်များကို အကိုးအကားပြုပြီး စတင်ခြင်းမျိုးကို ဆွဲဆောင်မှု ရှိလျှင် စနိုင်ပါသည်။
v  ဦးဆောင်ပိုဒ်၏ အစဦးစာကြောင်းသည် အရေးအပါဆုံးဖြစ်၍ စာဖတ်သူ သတင်းနားထောင်သူကို ဆွဲဆောင်နိုင်ရန် စိတ်ပါဝင်မှု ရရှိရန်လိုသည်။
v  ဘာဖြစ်နေသည်ဆိုသော အချက်သည် အလွယ်ကူဆုံးနှင့် အဆွဲဆောင်နိုင်ဆုံး ဖြစ်သည်ကို မမေ့ပါနှင့်။
v  The Rest of the story ( နောက်ဆက်တွဲနှင့်နိဂုံး)
v  သတင်းစာပိုဒ် အတိုအရှည်ကို သတိပြုပါ။ ရှည်လျားသော စာပိုဒ်နှင့်တိုတောင်းသော စာပိုဒ်များကို အချိုးညီမျှစွာ ချိန်ဆ ထည့်သွင်းပါ။
v  ပြန်လည်ရည်ညွှန်းသော အသုံးအနှုန်းများကို ရှောင်ကျဉ်ပါ။ (ဥပမာ - အထက်တွင် ပြောဆိုခဲ့သလို ၊ အထက်ပါ အချိန်ကလာအတွင်း စသည့်……..)
v  တိုတောင်းရှင်းလင်းသော စိတ်ပါဝင်စားဖွယ် စာပိုဒ် တပိုဒ်ကသာ သတင်းဖတ်သူသို့ နားထောင်သူကို ဆက်လက်ဖတ်လိုစိတ် ၊ နားထောင်လိုစိတ်ကို ဖြစ်ပေါ်စေမည်ကို သတိပြုပါ။
v  စာတစ်ပုဒ်သည် စာကြောင်းတစ်ကြောင်းတည်းလည်း ဖြစ်နိုင်သလို ၊ ၃ ကြောင်းနှင့်အထက်လည်း ဖြစ်နိုင်ပါသည်။ သို့သော် စာကြောင်း ၁၀ ကြောင်းထက် မပိုရ။
v  သတိပြုရန်မှာ စာပိုဒ် တပိုဒ်သည် အကြောင်းအရာ တစ်ခုသာ ဖြစ်သည်။



                                                                                 လေနင်ရာ လွင့်နေစဉ်က
                                                                                     စုဆောင်းထားမိခြင်း
                                                                                          စောနေမင်း

No comments:

Post a Comment

Contact Information

foxyform

Blog Archive