Monday, March 19, 2012

ချစ်သူဆီသို့ပေးပို့မိသော အဆိုပြုလွှာ


အချစ်စစ်တွေနဲ့ထုဆစ်ထားတဲ့
ငါ့ရဲ့မရဲတရဲ အကြည့်တွေကို
မင်းရဲ့ မျက်ဝန်းလေးက မကြည့်ပါနဲ့လို့
ထပ်ခါတလဲလဲ ငြင်းနေသော်လည်း
ငါ့ရဲ့ ဖြူစင်တဲ့နှလုံးသားက ပြုမှုနေမြဲ။

အဖြူရောင် အကြည့်တွေနဲ့
အားထုတ်၍ ကြည့်နေခဲ့သော်လည်း
ငါ့ရဲ့ ဗဟုတွေ့ကြုံမဲ့ နှလုံးသားက
ရိုးသားစွာ ၀န်ခံကာ ငြင်းဆန်းနေဆဲ။

ဘယ်လိုပင် ဖြစ်ဖြစ်
သိပ်သေချာတာက ငါ့ရဲ့နှလုံးသားက
မင်းရဲ့ အလိုတော်ပါလို့
ငါ့ကို ထပ်ခါတလဲလဲ ပြောနေမြဲ ။

သို့တစေကာမူလည်း
ငါ့နှလုံးသားရဲ့ တစ်နေရာမှာ
မင်းရှိနေတာ သိပ်သေချာဆိုတဲ့
ရင်ဘတ်ထဲက ပေါက်ပွားကာ
ဖြစ်တည်လာတဲ့ ငါ့ရဲ့နှလုံးသား စကား
မင်းရဲ့ပါးပြင်က ပါးကွက်ကြားလို
တန်ဖိုးထားမယ်ဆို
ကျေနပ်လောက်ပါတယ်လို့
ငါ့နှလုံးသားက အားငယ်စွာဖြင့်
မှတ်ချက်ပြုပါသည်။

မှတ်ချက် ။    ။ ချစ်ရသောသူငယ်ချင်းများဆီသို့  နည်းနာမသိ တတ်မသိ နှလုံးသားဖြင့် ထုဆစ်ရေးဖွဲ့ကာ ခံစားလိုသော ရည်ရွယ်ချက်ဖြင့်သာ။
ပီတီအမ်ဂျေစီအရိပ်အောက်မှာ အတူတူနေခဲ့ဖူးတဲ့ သူငယ်ချင်းအားလုံး အစဉ်သတိရလျှက်
စောနေမင်း


No comments:

Post a Comment

Contact Information

foxyform

Blog Archive