Friday, June 22, 2012

ယာယီနေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးရပါစေသော်

      






တစ်ကိုယ်တည်းငါ ဘယ်ကလာ
တစ်ကိုယ်တည်းငါ ဘယ်ပြန်လို
ငါကိုငါလည်း  မသိရပါ။

ပုထုဇဉ်လူသားအဖြစ်နဲ့ငါ
လူ့လောကမှာ ယာယီဘ၀တစ်ခုနဲ့ငါ
နေထိုင်ခွင့် ဗီဇရခက်လှတဲ့ငါ
အင်း... ဖြစ်သမျှဟာ အကောင်းပဲပေါ့
ငါ့လည်း ငါ့ဘ၀နဲ့ငါပဲပေါ့။

တိမ်ညို ၊ တိမ်မဲလိုရာလွင့်တဲ့ မဲ့ဆောက်မြို့ကို
အကြောင်းစုံဖြင့် ငါ ရောက်ရှိလာပေါ့
ဘာလား ၊ ညာလားမှာပေါ့ ၊ မိုက်ဂရန့်ဆိုလား
နေပေါ့
စားပေါ့
ပညာသင်ပေါ့
ပညာရပေါ့
“To learn, To live, To Serve”
ဆောင်ပုဒ်အတိုင်း ငါ ကျင့်ကြံခဲ့ပေါ့။

သို့စေကာမူလည်း
မိုက်ဂရန့်မှာ ကြိုးစားအားထုတ်ခဲ့သမျှ
ကမ္ဘာ့ရွာမှ အသိအမှတ်မပြုပေါ့။

ဒါ… အကြောင်းမဟုတ်
ရှေ့ဆက်ခရီးအတွက်ပေါ့
ငါလည်း ငါ့ဘ၀နဲ့ငါ လျှောက်လှမ်းရုံပေါ့
မိုက်ဂရန့်မှာ ပြုမှုနေထိုင် သွားလာပြောဆိုခဲ့သလိုပေါ့
အင်း… ယာမကာ လုလင်အချို့ ဖွင့်ဟသောစကား
“ကိုမူးရင်ပွင့်…..အဲ့ဒီအချိန်ရောက်ရင်
ငါတို့တစ်တွေ ဘုံပျောက်ပြီမှတ်”
ဆိုနေတဲ့ ၀ိုင်းစုခိုင်သိန်း
ဖြစ်သမျှဟာ အကောင်းပဲပေါ့
ကန့်လန့်ကာချထားလိုက်မယ်ပေါ့။

သို့ပါသော်လည်း
မိုက်ဂရန့်ပေးတဲ့ ပညာ
မိုက်ဂရန့်မှာ ပြန်ကာဝေငှ
ဖြူစင်ခြင်းနှင့်ချို့တဲ့လွန်းတဲ့
မုန့်ဖိုးတွေထဲက
နင် တစ်ခွက်
ငါ တစ်ခွက်
နင်လည်း အမြည်းနှိုက်
ငါလည်း အမြည်းကြိုက်
အတူတူ မျှဝေစားရင်း
လက်ကျန်ဗီဇ သက်တမ်း ကျန်ရှိနေသေးတယ်လို့
ယုံကြည်မိပါ၏ ။     ။


22/06/2012

စောအယ်သဆဲ

No comments:

Post a Comment

Contact Information

foxyform