| 27.08.2012 |
ပိုးတစ်ခြမ်းစားထားတဲ့
ပန်းသီးတစ်လုံးဟာ
ငါဆိုတဲ့ လေနင်ရာလွင့်နေတတ်သူက
စားရင်ကောင်းမလား ၊
မကောင်းဘူးလား ၊
တွေဝေငေးမောခြင်းများနှင့်
အိပ်မောကျနေခဲ့ပါတယ်။
နို့ပေမဲ့ ..........
တရေးနိုးလာတဲ့အခိုက်မှာ
မစားခြင်းဖြင့် နေလိုက်ရင်
သိပ်ကောင်းမှာပဲလို့
ဆုံးဖြတ်ချက်ချလိုက်ပြီး
ပန်းသီးရှိရာသို့ ထွက်ခွာသွားလေ၏။
ဘာဖြစ်လို့ ငါ မစားဖြစ်သလဲ
ငါ့ နှလုံးသားက ပြောတယ်တဲ့
ပိုးစားထားခြင်းကြောင့်
ကျန်တဲ့ပန်းသီးတစ်ဖက်ခြမ်းက
ကောင်းချင်မှ ကောင်းမယ်လို့
ကောက်နုတ်ဖော်ထားတယ်။
ထို့အတူ
အရက်သောက်ရင်းနဲ့ပြောဖြစ်သွားတဲ့
ဗီဇဆိုတဲ့စကားတစ်ခွန်းလည်း မည်၏။ ။
မှတ်ချက် ။ ။ "Everything is needed to be truth
because of every questions from two answers"
ရေးသားခံစားတင်ဆက်သူ = စောနေမင်း
No comments:
Post a Comment