Tuesday, November 20, 2012

ပုံသေနည်း မရှိသော ပုံစ္ဆာများ






 
အမျိုးသမီးတိုင်းသည်လည်း မိခင်မဟုတ်။
အမျိုးသားတိုင်းသည်လည်း ဖခင်မဟုတ်။
စိတ်ဝေဒနာခံစားရသူတိုင်းသည်လည်း စိတ်ဝေဒနာရှင်မဟုတ်။
အရက်မှီဝဲတိုင်းသည်လည်း အရက်သမားမဟုတ်။
ထိုအတူ
ကမ္ဘာသူ/သားတိုင်းသည်လည်း ကမ္ဘာသူ/သားမဟုတ်။












                                                       စောနေမင်း

Monday, November 12, 2012

သူမ (သို့မဟုတ်) ဒေါက်တာစင်သီယာမောင်







အမိုးရေ…
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား
ဥယျာဉ်မှူးကောင်း နှလုံးသားနေခဲ့လေရာ
ဘယ်သောအခါမှ ခြားနားခြင်းဖြင့်ခွဲ၍မထား။

အမိုးရေ…
ရောင်စုံငှက်များ အမိုးရဲ့သစ်ပင်ပေါ်မှာ
စက္ကန့်မလပ် အလိုကျ ပျံသန်းခြင်းလည်း
ဘယ်သောအခါမှ ငြူဆူခြင်းလည်း မရှိခဲ့။

အမိုးရေ…
Unity in Diversity…ဟာ … အမိုးရဲ့ဘ၀လား
Unity in Diversityနဲ့ငါးဆယ်သုံးနှစ်ခရီးကြမ်းမှာ
အပြုံးမပျက် ၊ အမုန်းမဖက်
နှလုံးလက်လို့ အသက်ရာကျော် ရှည်စေသောဝ်...။

ဂုဏ်ပြုရေးသားသူ
စောနေမင်း

Contact Information

foxyform