Friday, May 9, 2014
Thursday, May 8, 2014
Wednesday, May 7, 2014
အ.မ.က မူလွန်မိကသစ်ကျောင်း၏ ကျောင်းအုပ်ဆရာ/မကြီးများ ပုံ
| အ.ပ.ထ အောင် ( 01.08.1974 မှ 16.07.1980 ထိ) |
| အ.ပ.ထ အောင် ( 17.07.1980 မှ 09.08. 1989 ထိ) |
| B.A 10.08.1989 မှ 30.11.2005 ထိ ) |
| တန်းမြင့်အောင် ( 01.07.1961 မှ 15.06.1963 ထိ ) |
| တန်းမြင့်အောင် ( 16.06.1963 မှ 01.10.1964 ထိ) |
| B.A B.Ed. (01.12.2005 မှ 31.05.2014 ထိ) |
English Skills Training အမှတ်တရ
| 2014 ပျော်ရွင်လေ့လာ နွေရာသီအင်္ဂလိပ်စာ သင်တန်း |
| ကျပန်းစကားပြော ပြိုင်ပွဲ မိကသစ်မူလွန်ကျောင်း |
| ကလေးများနှင့်ပျော်ရွှင်သောကစားနည်း အမျိုးမျိုး ( အ.မ.က) မူလွန်မိကသစ် |
မိကသစ်မူလွန်ကျောင်းသမိုင်း အကျဉ်း
| မိကသစ်မူလွန်ကျောင်း ၊ ကျိုက်မရောမြို့နယ် 07 / 05 / 2014 |
အ.မ.က/အ.မ.က.(မူလွန်) မိကသစ်ကျောင်းသမိုင်းကိုဆရာ/ဆရာမဟောင်းများ၊ ကျောင်းသား/သူ ဟောင်းများ၊ ကျောင်းသား/သူများ ၊ မိဘပြည်သူများ သိသင့်ပါသည်။ ထို့ကြောင့် ကျောင်းသမိုင်းကို ကျောင်းသမိုင်း ပြုစုရေးကော်မတီမှ ကြိုးစား၍ ပြုစုရေးသားခဲ့ပါသည်။ မိကသစ် မူလတန်းကျောင်းဖြစ်ခဲ့သည်မှာ ကျောင်းဝင်မှတ်ပုံတင် စာရင်းအရ ၁၉၆၄ ခုနှစ်မှစတင်ခဲ့ပါသည်။ သို့သော် ကျောင်းစတင် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း(၉၈) ကြာမြှင့်ခဲ့ပြီးဖြစ်သည်။ နှစ်ကာလကြာခဲ့ပြီးဖြစ်သည့်အတွက် မှတ်တမ်းဟောင်းများလည်း မရှိတော့သဖြင့် တိကျမှန်ကန်ရန် မလွယ်ကူပေ။ မှားယွင်းချက်များရှိပါက ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံပါသည်။
ယခု ( ၂၀၁၄) ခုနှစ်သည် နှစ် ( ၅၀) ပြည့်ရွှေရတု နှစ်ဖြစ်ပါသည်။ ကျောင်းဝင်မှတ်ပုံတင်အရ အ.မ.က မိကသစ်စတင်ဖွင့်လှစ်ထားပါသည်။ ထိုစဉ်က ရွာကြီးပိုင်းဟု ခေါ်သောလက်ရှိကျောင်း၏ အရှေ့မြောက်ဘက်တောင်ပေါ်စုရပ်ကွက် (သာယာကုန်း)တွင် ကျောင်းဆောက်ခဲ့သည်။ ၀ါးကျောင်းကလေးဖြစ်ပါသည်။ ဆရာကြီးဦးကြာကက်မှ တာဝန်ယူသင်ကြားပေးပါသည်။
ဒုတိယပညာသင်ခဲ့သော ကျောင်းမှာ ရွာကြီးပိုင်းဖြစ်သော ယခုဦးမောင်အုန်း၏အိမ်အရှေ့မြောက်ဘက် မြေကွက်လပ်နေရာတွင် ကျောင်းဆောက်ခဲ့သည်။
ထိုကျောင်းကို ကော်မတီကျောင်းဟု ခေါ်ကြောင်း သိရပါ
သည်။
ဖက်မိုး၊ ပျဉ်တစ်ပိုင်းကာ၊ ပျဉ်ခင်း၊ လုံးတိုင်ကျောင်းဖြစ်သည်။ ဆရာကြီးဦးစောထွန်းငွေ၊ ဆရာကြီးဦးသောရစ်၊ ဦးစော်သောတို့မှ အဆင့်ဆင့် တွဲဖက်တာဝန်ယူ သင်ကြားပေးပါသည်။
ရွာကြီးပိုင်းပြီးနောက် ယခုဘောလုံးကွင်းနှင့်ကပ်လျက် မြောက်ဘက်တွင် ဆောက်လုပ်ခဲ့သည်။ ဖက်မိုး၊ ပျဉ်တစ်ပိုင်းကာ၊ ပျဉ်ခင်း၊ လုံးတိုင်ကျောင်းပင်ဖြစ်ပါသည်။ ထိုကျောင်းပျက်စီး ယိုယွင်းပြီးနောက် (၁၉၆၄) ခုနှစ် ထိုကျောင်းနေရာတွင် ပြည်တော်သာကျောင်း အင်္ဂလိပ်အက္ခရာ ( U ) ပုံသဏ္ဍာန်ကျောင်းဆောင်ကို ဆောက်ခဲ့သည်။ သစ်ခင်း၊ သစ်ကာ၊ သွပ်မိုးဖြစ်ပါသည်။
( U ) ပုံသဏ္ဍာန်ကျောင်းဆောင် ယိုယွင်းပြီးနောက် သူကြီးဦးစောဘကြိုင် လက်ထက် ( ၁၉၉၈ - ၁၈၉၉) ခုနှစ်တွင် ထိုကျောင်းနေရာ၌ အင်္ဂလိပ်အက္ခရာ ( ၊ ) အယ်လ် အသေးပုံစံကျောင်းဆောင်ကို အရှေ့အနောက်တန်း၍ ပြန်လည်ဆောက်လုပ်ခဲ့ပါသည်။ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းကျောင်းဖြစ်ပါသည်။
၂၀၀၆ - ၂၀၀၇ ပညာသင်နှစ်မှစ၍ အခြေခံပညာမူလတန်းလွန်ကျောင်းအဆင့်သို့ တိုးမြှင့်လာသောအခါ ယခင် ( ၊ ) ကျောင်းဆောင်နှင့်ကပ်လျက် ၀ဲဘက်တွင် သွပ်မိုး၊ ပျဉ်ကာ၊ (၆၀ ပေ x ၂၄ ပေ) မြေညီဆောင်ကို ၂၀၀၆ - ၂၀၀၇ တိုးချဲ့ဆောက်လုပ်ခဲ့ပါသည်။ ကျောင်းသားဦးရေ တိုးလာသောအခါ ၎င်းအဆောင်နှင့်ဆက်၍ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ဝန်း ( ၃၀ ပေ x ၂၄ ပေ )ကို (၂၀၀၈ - ၂၀၀၉) ခုနှစ် ထပ်မံဆောက်လုပ်ခဲ့သည်။
၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင် န.သ.လနှင့် UNHCR တို့နှင့်ပူးပေါင်း၍ (၆၀ ပေ x ၃၀ ပေ) ကျောင်းဆောင်ကို ဆောက်လုပ်ခဲ့ပါသည်။
၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင် ကိုယ့်အားကိုယ်ကိုး ( ၁၅၀ ပေ x ၃၀ ပေ) ကျောင်းဆောင်သစ်ကို ယနေ့ထိတိုင် ဆောက်လုပ်နေသည်မှာ အချောမသပ်ပြီးစီးသေးပါ။
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်တွင် နိုင်ငံတော် အစိုးရ၏ ဘတ်ဂျက်ဖြင့် ( ၁၅၀ ပေ x ၃၀ ပေ) လုံးချင်း
ကျောင်းဆောင်ကို ဆောက်လုပ်ခဲ့ပါသည်။
အချောသပ်မပြီးစီးသေးသော ( ၁၅၀ ပေ
x ၃၀
ပေ ) ကျောင်းဆောင်သစ်ပြီး မြောက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြပါရန် နှိုးဆော်အပ်ပါသည်။ မူလတန်းနှင့်မူလွန် ကျောင်းသား/သူများအတွက် ကျောင်းဆောင်မှာ လုံလောက်မှု ရှိပါသည်။ သို့သော် စာရေးခုံနှင့်ထိုင်ခုံလိုအပ်ချက်များ အများအပြားရှိပါသည်။
ကျောင်းသမိုင်း ပြုစုရေးဆပ်ကော်မတီ
1 .
ဒေါ်မူမူ
2 .
ဦးမြ၀င်း
3 .
ဒေါ်လှငြိမ်း
4 .
ဒေါ်နွယ်နွယ်အေး
ရှာဖွေရေးသားသူ
စောမင်းဆန်းဦး
Subscribe to:
Comments (Atom)