မိုးက ရေဖြစ်သည်
မြစ်
မြစ်က ပင်လယ်ဖြစ်သည်
သမုဒ္ဒရာ ။
မိုးက အေးသည်
စိမ်း
မိုးက ပူသည်
နွမ်း ။
မိုးက ခေါင်သည်
ရေရှား
လောကဓံက ဆိုးသည်
ဘ၀။
နေက ထွက်သည်
နံနက်
နေက ၀င်သည်
ညနေ ။
မိုးက တပ်မက်သည်
နေ
နေက ဖြတ်သန်းသည်
မိုး ။
ကမ္ဘာကြီးက
ဆာလောင်သည် အစာ
အရေးကြီးဆုံးက
ကွက်လပ်ဖြစ်သည် အချစ် ။
ရေးသူ = စောမင်းဆန်းဦး
မှတ်ချက်
။ ။ တစ်ယောက်သောသူ၏ ဖြစ်လိုသောဆန္ဒကြောင့်
ဒီစာစုလေးကို နည်းနာမသိဘဲ ရေးပေးလိုက်ပါသည် ။

